သာပေါင်း ၂၆ ဖေဖော်ဝါရီ


သာပေါင်းမြို့နယ်၊ သင်္ကန်းပင်ဆိပ်ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် ဆွီဒင် နိုင်ငံကြက်ခြေနီအသင်း ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက သင်္ကန်းပင်ဆိပ်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။


ထို့နောက် တက်ရောက်လာသူများအား အမျိုးသားအုပ်စု၊ အမျိုးသမီးအုပ်စုနှင့် ကော်မတီဝင် အုပ်စုများအဖြစ် (၃) ဖွဲ့ခွဲကာ ကျေးရွာအတွင်း ကျား/မ ရေးရာ၊ ကွဲပြားခြားနားမှုများ၊ မသန်စွမ်းသူများနှင့်ပတ်သက်သော အကြောင်းအရာများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများ၏ ဆောင်ရွက်နေမှုများ၊ ကျေးရွာများရှိ စေတနာ လုပ်အားရှင်များ၏ ပါဝင်ဆောင်ရွက်မှု အခြေအနေများအပေါ် သိလိုသည်များကို တွေ့ဆုံမေးမြန်းပြီး ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

       
"သဘာဝဘေးဆိုငိရာ ကြိုတင်ကာကွယ် စီမံချက် သင်တန်း ဖွင့်လှစ်ရန်နှင့် ကြက်ခြေနီ အသင်းသားများ ကျေးရွာအတွင်း ပိုမိုဖွဲ့စည်းနိုင်ရေး သင်တန်းများ ဖွင့်လှစ် ပေးသွားမှာဖြစ်ပြီး ကျေးရွာအတွင်း လက်တလော ဖြစ်ပေါ်လာသော ရှေ့ဦးပြုစုရန် ကိစ္စရပ်များအား အချိန်မီပြုစု ကုသနိုင်ရေးတို့ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ခြင်း ဖြစ်ပါတယ်" ဟု မြို့နယ်ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


တွေ့ဆုံပွဲသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇံနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ သင်္ကန်းပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ကျေးရွာသူ/သားများ၊ ဆွီဒင်နိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ် Ms. Anna Maria Elisabeth နှင့် Ms. Hanna Kristina Persson ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဦးထွန်းလွင်ဦး၊ ဦးဖြိုးသန့်၊ ဒေါ်ဂျက်ခရစ်စတီးနားတို့ တက်ရောက်ခဲ့ကြပြီး ခရီးစဉ်လာရောက်ရသည့် ရည်ရွယ်ချက်များကို တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားသည်။


မျိုးဇော်သိန်း (သာပေါင်း)