မိုးနဲ ၂၆  ဖေဖော်ဝါရီ


ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သန်း ၁၀ဝ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ် ကမ္ဘောဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။


မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်မြို့တွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းတစ်ရာဖြင့် ပြည်သူများ သောက်သုံးရေရ ရှိရန်အတွက် ရေရရှိရေးလုပ်ငန်း လေးခုကို ငွေကျပ်သိန်း ၂၀ဝ ဖြင့် လည်းကောင်း၊ လမ်းလုပ်ငန်း ၁၄ ခု အတွက် ငွေကျပ် ၆၄၅ သိန်းဖြင့်လည်းကောင်း ၊တံတားလုပ်ငန်း ၆ ခုအတွက် ငွေကျပ် ၁၅၅ သိန်း ဖြင့်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီအတွင်း ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစိုးထွဋ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းခေါင်းစဉ်အလိုက် ရန်ပုံငွေများအား မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီများမှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)

 

123