လှိုင်းဘွဲ  ၂၆ ဖေဖော်ဝါရီ


ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးပြီး မျက်စိဝေဒနာ ခံစားနေရသည့် ကျေးလက်နေ ပြည်သူများအား မြိုင်ကြီးငူ သီတဂူအာရောဂျဒါနဆေးရုံ၌ မတ်လ ၂ ရက် မှ  ၅ ရက် အထိ အပြင်တိမ်၊ အတွင်းတိမ် မျက်စိဝေဒနာ ခံစားနေရသူများအား သီတဂူမျက်စိအထူးကုဆေးအဖွဲ့ မှ လာရောက်စစ်ဆေးပြီး အခမဲ့ဆေးကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ဆေးကုသမှုခံယူရာတွင် ကျေးရွာများရှိ မျက်စိဝေဒနာ ခံစားနေရသူများသည် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် မြိုင်ကြီးငူတိုက်နယ် ဆေးရုံသို့ ကြိုတင်စာရင်း ပေးသွင်းနိုင်ပြီဖြစ်ကြောင်းနှင့် မြိုင်ကြီးငူ သီတဂူအာရောဂျဆေးရုံသို့ မတ် ၂ ရက် မွန်းတည့် ၁၂ နာရီ တွင် မျက်စိဝေဒနာခံစားနေရသူ ကိုယ်တိုင်လာရောက်၍ စမ်းသပ်စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး ရောဂါစစ်ဆေးပြီး နောက်ကုသမှုများကို ရောက်ဂါအခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ကုသမှုများကို အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။


ခင်စန်းမြင့်(ပြန်/ဆက်)