မိတ္ထီလာ ၂၆ ဖေဖော်ဝါရီ


မိတ္ထီလာမြို့နယ်၌  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။


မိမိတတ်ကျွမ်းသော အသက်မွေး ဝမ်းကျောင်း ပညာဖြင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ရန်အတွက် သီးနှံအခြေခံ တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ရာ အဆိုပါ သင်တန်းတွင် သစ်သီးများ ပျက်စီးရခြင်း အကြောင်းအရင်းများ၊ သစ်သီးဖျော်ရည်မျိုးစုံ ထုတ်လုပ်နည်း၊ သစ်သီးယိုမျိုးစုံ ထုတ်လုပ်နည်း၊ သစ်သီးဆော့၊ သစ်သီးဂျမ်ပြုလုပ်နည်း၊ ဂျယ်လီအမျိုးမျိုး ပြုလုပ်နည်းများကို မတ်လ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်တန်းသား ၂၀ အား အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ စိတ်ဝင်းစားသူများ  ဝ၆၄-၂၃၅၁၆၊ ဝ၉၄၀၂၅၀၂၇၃၉ ကျောင်းအုပ်ဆရာကြီး ဦးသာဝ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မိတ္ထီလာ) ထံသို့ မတ်လ ၁၅ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)