သာယာဝတီ ၂၆ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်း ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိရာ ခရိုင်အတွင်းရှိ သာယာဝတီ မြို့နယ်တွင် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၂၁၆၉ ဦး လက်ပံတန်းမြို့နယ်တွင် ၂၈၂၆ ဦး မင်းလှမြို့နယ်တွင် ၁၇၆၂ ဦး ရှိကြောင်း သိရသည်။
အလားတူ မိုးညိုမြို့နယ်တွင် ၁၈၉၀၊ အုတ်ဖိုမြို့နယ်တွင် ၁၆၄၂ ဦး ကြို့ပင်ကောက် မြို့နယ်တွင် ၁၆၀၄ ဦး၊ ဇီးကုန်းမြို့နယ်တွင် ၁၄၉၂ ဦး၊ နတ်တလင်းမြို့နယ်တွင် ၁၇၆၄ ဦး၊ စုစုပေါင်း ၁၅၁၄၉ ဦး၊ ဝင်ရောက်ဖြေဆိုမည်ကြမည်ဖြစ်ပြီး စာစစ်ဌာန အလိုက် ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိရာ ယနေ့ထိ ၉၀ ရာခိုင်နှုန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)


