ကျောက်ဆည် ၂၆ ဖေဖော်ဝါရီ
ကျောက်ဆည်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီက အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာက အခမ်းအနားတစ်ခုတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သူက အလွန်အရေးကြီးပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်စောလွင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကို ဆက်လက်ပို့ချခဲ့ကြောင်း သိရှိရသည်။
သင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့ကြပြီး စာတွေ့၊လက်တွေ့(၂)ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင် (ခရိုင် ပြန်/ဆက် ၊ ကျောက်ဆည်)


