နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

 

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် (၁၉၉၅)စီးနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ် (၂၉)စီး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ဖမ်းဆီးအရေးယူမှုအနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက် ည ၆ နာရီမှ ၂၅ ရက် ညနေ ၅ နာရီထိ ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် (၁၈)စီး၊ ဖြူးမြို့နယ် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် (၇)စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် (၆)စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ် (၇)စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် (၃)စီး၊ စုစုပေါင်း (၄၁)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အလားတူ ဖေဖော်ဝါရီ ၂၄ ရက် ည ၆ နာရီမှ ၂၅ ရက် ညနေ ၅ နာရီထိ ရန်ကုန်-မန္တလေး အမြန်လမ်း တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲမောင်းနှင်သော မော်တော်ယာဉ် (၁)စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

MDN