တောင်တွင်းကြီး ၂၆ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ တောင်ပြင်(၂)ရပ်ကွက်၌ ဖေဖော်ဝါရီ ၂၃ ရက် မီးလောင်မှုဖြစ်စဉ်တွင် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများအား ဖေဖော်ဝါရီ ၂၆ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။         


  
နိုင်ဝင်း(တောင်တွင်းကြီး)