မူဆယ် ၂၆ ဖေဖော်ဝါရီ

 


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နန်းတော်ဂိတ်မှ မန်ဝိန်းဂိတ်ပေါက်ထိ ကတ္တရာ (၄)လမ်းသွားအား အဆင့်မြှင့်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


အဆိုပါလမ်းသည် မြို့ရှောင်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီးဆုံသော နေရာဖြစ်ပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ မြို့တွင်း ပြေးဆွဲနေသည့် သုံးဘီးများ၊ ဆိုင်ကယ်များ များပြားသည့် အပိုင်းဖြစ်ကာ ယာဉ်ကြောမကြာခဏ ပိတ်ဆို့မှုများကြောင့် (၄)လမ်းသွားအဖြစ် အဆင့်မြှင့်ပြုပြင် ဆောင်ရွက်နေကြောင်း သိရသည်။

 


ဆိုင်ဖြူ(မူဆယ်)