ရန်ကုန် ၂၆ ဖေဖော်ဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ သပြေကန်ရဲကင်းအပိုင်၊ ပုဂံတောင်ကျေးရွာ ဓမ္မာရုံ၌ မှုခင်းအသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဦးက သက်ငယ်မုဒိမ်းပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး ကင်းရှင်းစေရေး၊ မှုခင်းလျော့နည်း ကျဆင်းစေရေးအတွက် ကျေးရွာနေပြည်သူ ၇၀ ဦးတို့အား အသိပညာပေးဟောပြောခဲ့ပြီး သပြေကန် ရဲကင်းစခန်းမှူး ရဲအုပ် ဇော်မင်းနိုင်၊ ဖားကူး ရဲကင်းစခန်းမှူး ဒုရဲအုပ် ဝင်းဇော်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များက ပြည်သူများအား မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


