ချောက် ၂၇ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီးချောက်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု တောင်တဲကြီး ကျေးရွာ တာဝန်ခံဦးကျော်လင်း၏နေအိမ်၌ ယမန်နေ့က မှုခင်းကျဆင်ရေးနှင့် သက်ငယ်မုဒိမ်း၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောရာတွင် မြို့ရဲစခန်းမှူးဒုရဲမှူး လှနောင် က သက်ငယ် မုဒိမ်းနှင့် ပတ်သက်၍ တိုးတက်လာသည့် ခေတ်ရေစီးကြောင်းနှင့်အညီ သားသမီးငယ်လေးများ ရေလိုက် မလွဲမှားစေရန်၊ အပေါင်းအသင်းများ မမှားရန် အနီးကပ် ရင်အုပ်မကွာ ပြုစုစောင့်ရှောက်သွားရန်၊ အချိန်မတော်၊ အချိန်အခါမဲ့ စေလွှတ်ခြင်း၊ သွားလာခြင်းမျိုးများ မပြုလုပ်ရန်၊ သားသမီးငယ်လေးများ ဘဝရပ်တည်မှုတွင် မိဘများသည် အဓိကအခန်းကဏ္ဍတွင် ပါရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လူကြီးလူငယ်မရွေး မူးယစ်ဆေးသုံးစွဲခြင်းမှစ၍ အဆုံးရလဒ်မှာ မူးယစ်သား ကောင်ဘဝဆိုး ရောက်ရှိပြီး လူညွန့်တုံး ဘဝပါ ပျက်စီးဆုံးရှုံးနိုင်ကြောင်း အသေးစိတ် ရှင်းလင်းခြင်း၊ ယာဉ်/လမ်း စည်းကမ်းနှင့် ပတ်သက်၍ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများ လျော့နည်းကျဆင်းရေး၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များ သတ်မှတ်စည်းကမ်းနှင့်အညီ လက်ဝယ်ထားရှိ အသုံးပြုမောင်းနှင်ရန်၊ စည်းကမ်း ပျက်မောင်းနှင်သွားလာခြင်းမျိုး မပြုလုပ်ရန် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်သော ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းရာ မြို့မရဲစခန်းမှူးက ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဆောင်ရန်၊ ရှောင်ရန်များ အသေးစိတ်ရှင်းလင်းဖြေကြားပေးကြောင်း၊ ဟောပြောပွဲသို့ ဒေသခံပြည်သူ ၁၀ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


