မန္တလေး ၂၇ ဖေဖော်ဝါရီ
ပြည်တွင်း/ပြည်ပ ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိက ကျောက်စိမ်းကျောက်မျက်ကုမ္ပဏီ ၅ ခုက ကျောက်စိမ်းကုန်ကြမ်း(အရိုင်း)များ ရောင်းချပေးကြောင်း မြန်မာသူရ ကျောက်မျက်ကုမ္ပဏီမှ သိရသည်။
ကျောက်စိမ်းအဓိက ရောင်းဝယ်လုပ်ကိုင်နေသည့် မန္တလေးမြို့တွင် ကျောက်စိမ်းနှင့် အသက်မွေးလုပ်ကိုင် သူများ ကျောက်စိမ်းကုန်ကြမ်း ရရှိရေးနှင့် ပြည်တွင်း၊ပြည်ပ ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ယခုလို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကတော့ မန္တလေးမြို့မှာ ပြည်တွင်းပြည်ပ ကျောက်ဈေးကွက် ရောက်ရှိလာဖို့ပါ။ နေပြည်တော်ပြပွဲလိုတော့ ကြမ်းခင်းဈေးမထားဘဲ သူတို့ ကြိုက်တဲ့ ဈေးပေးပေါ့။နှစ်ဦးနှစ်ဖက် အပြင်မှာရောင်းသလို ကြိုက်ရောင်းကြိုက် ဝယ်မျိုးရောင်းပါတယ်။ ကျောက်စိမ်းဈေးကွက်က တရုတ်ပြည်မှာ သွားပြီးဖြစ်နေတာ။ နေပြည်တော်မှာလည်း ရောင်းပေမယ့် မန္တလေးမှာ ဈေးကွက်ဖြစ်ပေါ်လာအောင် ဖန်တီးတဲ့သဘောပါ” ဟု မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ဒါရိုက်တာ ဦးလှစိုးက ပြောသည်။
ပြည်တွင်း/ပြည်ပ ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ကျောက်စိမ်းကုန်ကြမ်း ရောင်းချပေးသည့် ကုမ္ပဏီများမှာ ဆုထူးပန်၊ ထွန်းနိုင်နှင့်ညီများ၊ ဟိန်းထက်မိုး၊ မြန်မာသူရ၊ ရွှေကုက္ကိုလ် တို့ဖြစ်ပြီး ၎င်းတို့တူးဖေါ်ရရှိသည့် ကျောက်စိမ်း ကုန်ကြမ်းများ၊ နေပြည်တော်ကျောက်မျက်ပြပွဲမှ ဝယ်ယူလာမှုများနှင့် မိတ်ဖက်ကုမ္ပဏီများမှ ရောင်းချရန် ပေးပို့ထားသည့် ကျောက်စိမ်းများကို ကျောက်စိမ်းကုန်ကြမ်းများကို ရောင်းချပေး ခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ နှင့် ၂၁ ရက်နေ့တွင် ကျောက်စိမ်းကုန်ကြမ်း ကြည့်ရှုရက် အဖြစ်ပေးထားပြီး ၂၂ ရက်မှ ၂၅ ရက်မှာ တစ်ရက်ကို Lot ၂၀ဝ ရောင်းချခဲ့ကြောင်းသိရသည်။
ကျောက်စိမ်းကုန်ကြမ်း ဝယ်ယူရာ၌ ဝယ်ယူထားသောကျောက်တန်ဖိုး၏ ၅% ပေးသွင်းရန်၊ တင်ဒါလျောက်လွှာဝယ်သူက ကြိုတင်ငွေ ကျပ်သိန်း ၂၀ ပေးသွင်းပါက ကျပ်သိန်း ၄၀ဝ ထိဝယ် ယူနိုင်ကြောင်း သိရသည်။
အိမို့မို့ခိုင်


