ဝေါလေမြိုင် ၂၇ ဖေဖော်ဝါရီ 


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ် ပုံမှန် လာရောက်ကြသူများနှင့် စာဖတ်ဝါသနာပါသူတို့ ပူးပေါင်းပြီး  စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန မြို့ဦးစီးမှူး ဦးစောဌေးရီက (Book Club) အသင်း ဖွဲ့စည်းရခြင်းသည် စာအုပ်စာပေ ချစ်မြတ်နိုးသူများ၊ စာဖတ်ဝါသနာပါသူများက ကြိုတင်သတ်မှတ်ထားသော နေရာတစ်ခုမှာ စုဝေးပြီး စာအုပ်တစ်အုပ် (သို့) စာအုပ်အများအပြားကို ကြိုတင်ဖတ်ရှုပြီး စာအုပ်ပါ အကြောင်းအရာများအား သူတို့ရဲ့ အမြင်၊ ကြိုက်နှစ်သက်မှု၊ မကြိုက်နှစ်သက်မှုများကို ဆွေးနွေးရခြင်း ဖြစ်ကြောင်းနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် အထောက်အကူ ဖြစ်စေရန်၊ စာဖတ်ခြင်းသည် ငြီးငွေ့ စရာအလုပ် မဟုတ်ဘဲ အတွေးအခေါ် အသစ်များ၊ အသိပညာ ဗဟုသုတများ ရရှိလာစေရန်၊ ဘဝတက်လမ်းအတွက် ကြိုးစာလုပ်ဆောင်ရာတွင် အထောက်အကူဖြစ်သည့် အကောင်းဆုံးသော အလုပ်တစ်ခု ဖြစ်ကြောင်းကို သိရှိလာစေရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း ဖွဲ့စည်းရာတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာအုပ်စာပေ ချစ်မြတ်နိုင်သူများနှင့် စာကြည့်တိုက်တွင် စာငှား၊ စာဖတ်ပုံမှန် လာရောက်သူများ တက်ရောက်ကြသည်။ အဆိုပါအသင်း ဖွဲ့စည်းရာတွင် အဖွဲ့ဝင် (၁၁)ဦး၊ ဥက္ကဌ (၁)ဦးနှင့် အတွင်းရေးမှူး (၁)ဦး စုစုပေါင်း (၁၄) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး စာဖတ်ဝိုင်းကို တစ်လလျင် (၁) ကြိမ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝေါလေမြိုင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN