ဆော  ၂၇  ဖေဖော်ဝါရီ 


မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် ဥ(ပ်)ပူးချင်းတိုင်းရင်းသားစာပေ GRADE-1,2 သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ဆောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန တွင်ပြုလုပ်သည်။


ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်းတို့က အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးဦးစီးဌာန လက်ထောက်ပညာရေးမှူး ဦးဘီဝင်းက ဆရာ/ဆရာမ ခန့်ထားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးလှမောင်ကသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကိုရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ ဥ(ပ်)ပူး ချင်းတိုင်းရင်းသား သင်တန်းသူ ဆရာဆရာမ ၂၁၁ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

123