မြစ်သား ၂၇  ဖေဖော်ဝါရီ 


မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့က အမျိုးသမီးများ အခွင့်အရေး အသိပညာပေး ဟောပြောပွဲကို ဖေဖေါ်ဝါရီ ၂၆ရက် နံနက် ၁၀နာရီက  ပခမ်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။
    

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်စိုးက မှုခင်းကျဆင်းရေးကို လည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟက အမျိုးသမီးများကို ကာကွယ်ပေးထားသည့် ဥပဒေများကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမဒေါ်ထွန်းမေက သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါများအကြောင်းကို လည်းကောင်း၊ စိတ်ပါဝင်စားသူ မြို့နယ်အမျိုးသမီး ကော်မတီအဖွဲ့ဝင်များက အမျိုးသမီး အခွင့်အရေးများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသော ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN