မင်းဘူး ၂၈ ဖေဖော်ဝါရီ


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင်း ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေမည့် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုစဉ် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက မင်းဘူးမြို့ပေါ်ကျောင်းများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။


ထိုသို့ မီးဘေးအန္တရာယ် ကင်းဝေးစေရေး ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမိုးကျော် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ မြို့မ အခြေခံ ပညာ အထက်တန်းကျောင်းတို့အား ကွင်းဆင်း၍ စာသင်ကျောင်းဝန်းအတွင်းရှိ ရေလှောင်ကန်များ ရေလှောင် ထားရှိမှု အခြေအနေများ၊ ကျောင်းပတ်ဝန်းကျင်တွင် မီးလောင်မှု ဖြစ်စေနိုင်သည့် အမှိုက်များ ရှိ/ မရှိ စစ်ဆေးခြင်း၊ စာမေးပွဲဖြေဆိုမည့် စာသင်ခန်းများအတွင်း မီးသတ်ဆေးဗူးထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီး သွယ်တန်းထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မျိုးမြတ်(မင်းဘူး)