ဂန့်ဂေါ ၂၈  ဖေဖော်ဝါရီ 

 

ဂန့်ဂေါမြို့နယ် ကန် ၅ ရွာ ပရဟိတ ရေထွက်တောရ ကျောက်ဂူဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒ န္တ ဣန္ဒာစ ရိယ သက်တော် (၆၈) ၊ ဝါတော် (၂၈) ဝါ ၏ ဥတုဇရုပ်ကလပ်တော်ကို ပရဟိတ ရေထွက်တောရ ရိပ်သာ ဓမ္မ သံဝေဂ စံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်သည့် အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ကြွရောက်တော်မူလာကြသည့် သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကို နံနက်ပိုင်းတွင်လည်းကောင်း ကျင်းပသည်။ 

 

52770537_245

 

အခမ်းအနားသို့ ပင့်သံဃာတော်အပါး ၆၈၀ ၊ သီလရှင် အပါး ၅၀ ကြွရောက်တော်မူကြ၍ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဂန့်ဂေါခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဌာနဆိုင်ရာများ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင် ဒါယကာ၊ ဒါယိကာမများတို့က တတ်စွမ်းသမျှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ 

 

ge 52932075_

 

ကျောက်ဂူဆရာတော် ဘဒ္ဒ န္တ ဣန္ဒာစရိယသည် ဂန့်ဂေါမြို့နယ် ကန် ၅ ရွာ ရေထွက်တောရနှင့် ကလေးမြို့ စက်မှုဇုန် တောရတို့၌ ဝိပဿနာပြန့်ပွားရေးအတွက် အစဉ်တစိုက် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာတော် တစ်ပါးဖြစ်ကြောင်း ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

MDN 

 

ge 53037354