ပူတာအို   ၂၈  ဖေဖော်ဝါရီ 


ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ ရီကျော်ဒီကျေးရွာနှင့် ဇီးအွန်ကျေးရွာတို့တွင် လူထုဗဟိုပြု စီမံကိန်း အကြောင်းနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က အဆိုပါ ကျေးရွာတို့၌ ပြုလုပ်ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲသို့ လူထုဗဟိုပြုစီမံကိန်းမှ ပြည်ထောင်စုအဆင့် ကျား/မ ရေးရာတာဝန်ခံ ဒေါ်ညွှန်းသွဲ့သွဲ့နိုင်၊ ဦးကိုကို၊ နေပြည်တော်အဆင့် ကျား-မရေးရာတာဝန်ခံ နည်းပညာအကြံပေး ဒေါ်ယဉ်ယဉ်မင်း၊ ပြည်နယ်အဆင့် တာဝန်ခံ ဒေါ်ယမင်းမြင့်မိုရ်နှင့် မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကာ သက်ဆိုင်ရာကျေးရွာ စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များနှင့် ဆွေးနွေးကြသည်။


ထို့နောက် လူထုဗဟိုပြုစီမံကိန်းတွင် ဆောင်ရွက်နေသော ကျား-မ ရေးရာ ဆောင်ရွက်ချက်များ၊ အခက်အခဲများ၊ အောင်မြင်မှုများ၊ ဆောင်ရွက်လိုသည့် အချက်များနှင့် အကြံဉာဏ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါကျေးရွာတို့၌ လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေပြည်သူများ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရန်ပုံငွေများ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။


မင်းမြင့်မိုရ်(ငါန်းဇွန်)