တောင်ကြီး ၂၈ ဖေဖော်ဝါရီ
ပြည်သူများအနေဖြင့် ပစ္စည်းများကို လွယ်လင့်တကူ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက်က တောင်ကြီးမြို့ မြို့တော်ခန်းမတွင် TAUNGGYI EXPO 2019 ကုန်စည်ပြပွဲကို ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါကုန်စည်ပြပွဲကြီးကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ TAUNGGYI EXPO ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဖုန်းမြင့်၊ ဒေါ်သီတာရှိန်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့သည် ခန်းမအပြင်ဘက်နှင့် အတွင်းဘက်ရှိ ရောင်းချလျှက်ရှိသော ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
၎င်းကုန်စည်ပြပွဲကြီးတွင် ဆိုင်ခန်းပေါင်း ၁၃၀ ကျော်နှင့် ကုမ္ပဏီဆိုင်ခန်းပေါင်း ၈၀ ကျော် ရောင်းချလျက်ရှိသည်။ ဖျော်ဖြေရေးအစီအစဉ်များ၊ အိမ်သုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အီလက်စရောနစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ ရောင်းချလျက်ရှိကာ ပွဲတော်ကို ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်နေ့ထိ ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)


