ကန်ကြီးထောင့်   ၂၈  ဖေဖော်ဝါရီ  

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများနှင့် ကော်မတီအသစ် ပြန်လည်ရွေးချယ်သည့် ကျေးရွာများမှ ရန်ပုံငွေကြီးကြပ်မှုကော်မတီများ စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ အဆိုပါရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

 

သင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်၊ ဒုတိယဦးစီးမှူး ဒေါ်ရွေရည်ဖြိုးနှင့် အကြီးတန်းစာရေးတို့မှ ငွေစာရင်းထိန်းသိမ်းနည်း စာရင်းဇယားပုံစံများ၊ လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာများ၊ မြစိမ်းရောင်စီမံကိန်းနှင့်ပက်သက်သောအကြောင်းအရာများနှင့် ကော်မတီများထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များအကြောင်းကို နှစ်ရက်တာ ရှင်းလင်းဆွေးနွေးသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့ မြစိမ်းရောင်စီမံကိန်းကျေးရွာ ၆ ရွာမှ ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင် သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 

နန်းထိုက် (KGD)

 

IMG_2019