ဒီးမော့ဆို ၂၈ ဖေဖော်ဝါရီ     

 

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်တတ်စေရန်နှင့် အသိပညာတိုးပွားစေရန် ပန်းရံ/ လက်သမား သင်တန်း အမှတ်စဉ်(၉/၂၀၁၉) ကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် လိုပူကျေးရွာအုပ်စု လိုပူဒေါဆီးအီကျေးရွာခန်းမတွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။

 

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လိုပူကျေးရွာအုပ်ချုပ်ရေးမှူးက တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်တတ်စေရန် ကြိုးစားသင်ယူပြီး ပြန်လည်အသုံးချစေလိုကြောင်း ပြောကြားသည်။ 

 

အဆိုပါသင်တန်းကို လိုပူကျေးရွာအုပ်စုအတွင်းမှ သင်တန်းသား ၂၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁၃ ရက်အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

age image-0-02-03-cd29f6b