ပုဗ္ဗသီရိ ၂၈ ဖေဖော်ဝါရီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အငြိမ်းစားနိုင်ငံဝန်ထမ်းဆေးရုံ ခုတင်(၃၀ဝ)တွင် ဆီးချို၊ သွေးချို အထူးကုပြင်ပလူနာဌာန ကုသဆောင်သစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဆေးရုံ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဒေါ်သီတာလှနှင့် ဗဟိုအဆင့်ဆေးရုံများကွက်ကဲရေးမှူး၊ အငြိမ်းစားနိုင်ငံ ဝန်ထမ်းဆေးရုံ ခုတင်(၃၀ဝ)ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ယဉ်သန္တာလွင်တို့က ဆီးချို၊ သွေးချို အထူးကုပြင်ပလူနာဌာနအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက အထူးကုဆေးခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆီးချို သွေးချိုရောဂါ ကုသမှုခံယူနေသော လူနာများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝယ်ယူရေးနှင့်ဖြန့်ဖြူးရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဆီးချို၊ သွေးချို ရောဂါဝေဒနာရှင်လူနာများအား အပတ်စဉ်ကြာသပတေးနေ့တိုင်း ကုသမှုများဆောင်ရွက် ပေးနိုင်ရန်အတွက် ဆီးချို၊ သွေးချို အထူးကုပြင်ပလူနာဌာန ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ဆေးရုံအုပ်ကြီးဒေါက်တာဒေါ်ယဉ်သန္တာလွင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ မကူးစက်ရောဂါဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာကျော်ကံကောင်းမှ Glucometer(3)ခုနှင့် Test Strip(6000)တို့အား ဆေးရုံအုပ်ကြီးထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


