စစ်တွေ  ၂၈  ဖေဖော်ဝါရီ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ယက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည့် အခြေခံ အပ်ချုပ်စက်သင်တန်း အမှတ်စဉ် (၄/၂၀၁၉) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့နယ် သင်ပုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

 

a

 

သင်တန်းဆင်းပွဲတွင် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး    သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော သင်တန်းသူများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်း၊ မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်သက်နှင်းဖြိုးတို့က ဆုများပေးအပ်ချီးမြှင့်ကြပြီး၊ မြို့နယ်အမျိုးသမီး ရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါချစ်က နှစ်သိမ့်ဆု ရရှိသူများအားလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး သင်တန်းဆင်း လက်မှတ်များအားလည်းကောင်း ပေးအပ်ကြသည်။

 

p


    

အဆိုပါသင်တန်းတွင် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ သင်တန်းဆရာမများက တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်ပုန်းတန်းကျေးရွာမှ သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 


သင်တန်း၌ ဆုရရှိသူများအား ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းမှ အပ်ချုပ်စက် တစ်လုံးစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  


    
တင်ထွန်း(ပြန်/ဆက်)