ကျောက်ပန်းတောင်း ၂၈ ဖေဖော်ဝါရီ

 


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ မြို့မရပ်ကွက်တွင် ကိ်ုယ်အားကိုယ်ကိုးဆောင် ရွက်ခဲ့သည့် ထိန်ကန်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းထိပ်မုခ်ဦးတွင် ကျင်းပခဲ့သည်။

 


အဆိုပါ ကွန်ကရစ်လမ်းကို မြို့မရပ်ကွက်နှင့် အမှတ်(၉)၊ အမှတ်(၁၀)နယ်မြေများမှဒေသခံပြည်သူများ၏စုပေါင်း ထည့်ဝင် ငွေများ၊ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ထိန်ကန်အရှေ့ကျောင်းဆရာတော် ဦးနန္ဒိရ ဦးဆောင်၍ ထိန်ကန် ပရဟိတ လူငယ်များ ပူးပေါင်းကာ ဇန်နဝါရီ ၃၀  ရက်တွင်လုပ်ငန်းများစတင်၍ ဖေဖော်ဝါရီ ၅ ရက်တွင်ပြီးစီး အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ ကွန်ကရစ်လမ်းအရှည်မှာ ပေ(၄၀ဝ)၊ လမ်းအကျယ်(၁၄)ပေ၊ ထု(၆) လက်မရှိကြောင်းသိရပြီး၊ ကုန်ကျငွေစုပေါင်းမှာ ငွေကျပ်(၆၈)သိန်းကျော်ဖြစ်ကြောင်းသိရသည်။

 

df

 

အဆိုပါ လမ်းသစ်ဖွင့်ပွဲသို့ ထိန်ကန်အရှေ့ကျောင်းဆရာတော် ဦးနန္ဒိရနှင့် ထိန်ကန်ပရဟိတလူငယ်အဖွဲ့များ၊ မြို့နယ် စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင် ဦးသန်း၊ ဦးဝင်းမြင့်နှင့် ဦးလှမိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် ဆယ်အိမ်မှူး/ရာအိမ်မှူးများ၊ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ရပ်ကွက်သူရပ်ကွက်သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 


နေအောင်(iprd)