ဒီးမော့ဆို ၂၈  ဖေဖော်ဝါရီ

    
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း မီးလောင်မှု မီးလန့်မှု မဖြစ်ပေါ်စေရေး မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက စတင်၍ စာစစ်ဌာန(၄) ခုနှင့် ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးသည်။

 

1


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ စာမေးပွဲဖြေဆိုနေစဉ် ကာလတွင် မီးလောင်မှု မီးလန့်မှု မဖြစ်ပေါ် စေရေးအတွက် မြို့နယ်တွင်း စာစစ်ဌာန (၄)  ခုတွင်  အသုံးပြုသည့် စာသင်ခန်းများ၊ ကျောင်းစောင့်ဝန်ထမ်း နေအိမ်များမှ တာဝန်ရှိသူများအား မီးဘေးလုံခြုံရေး စစ်ဆေးအကြံပေးခြင်းနှင့် စာစစ်ဌာန ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊  လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ မြို့နယ်လက်ထောက်ပညာရေးမှူး၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN