လှိုင်းဘွဲ ၂၈ ဖေဖော်ဝါရီ


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ကျေးရွာ မီးလင်း ရေး၊ လမ်းတံတားနှင့်စိုက်ပျိုးရေးလုပ်ငန်းများ စသည့်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သော လုပ်ငန်းများအား ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ကြသည်။ လွှတ်တော်တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း ကျေးရွာများမှ တင်ပြချက်များအား ပြန်လည်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ဆက်လက် လုပ်ကိုင်ရမည့် လုပ်ငန်းများအား စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရန် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ တင်ပြရန် မှာကြားခဲ့သည်။ 


ထို့နောက် သက်ဆိုင်ရာဌာနများမှ မိမိတို့၏ ဌာနလုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ကြရာ ကျေးရွာမီးလင်းရေး ကိစ္စရပ်များ၊ လမ်းတံတားနှင့် စိုက်ပျိုးရေးလုပ်ငန်း အခြေအနေများ အသီသီးဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN