ကလေး ၂၈ ဖေဖော်ဝါရီ
ကလေးမြို့တွင် မြစ်သာမြစ်ရေတိုင်းတာမှုပုံစံကို မြေမြှုပ်ရေမှတ်တိုင် တိုင်းတာမှုပုံစံမှ မြေပြင် ပေါ်တွင် တည့်မတ်စွာတပ်ဆင်ထားသော တည့်မတ်ရေမှတ်တိုင်များဖြင့် ပြောင်းလဲတပ်ဆင်မှုကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာမှ ပြီးစီးသွားပြီဖြစ်ကာ မြစ်ရေအတက်အကျ အခြေအနေများကို တည့်မတ်ရေမှတ်တိုင်များဖြင့် စတင်တိုင်းတာလျှက်ရှိကြောင်း သိရသည်။
တည့်မတ်ရေမှတ်တိုင် တိုင်းတာမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်အကူ အညီဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တိုင်းတာရေးစခန်းပါင်း (၇၁)ခန်းရှိရာမှ ယခုကလေးမြို့ တွင်လည်း သတ်မှတ်ရေမှတ်တိုင်တပ်ဆင်သည့်လုပ်ငန်းကို Suntac technologies Co;Ltd မှပြုလုပ် ပေးခြင်းဖြစ်သည်။
ကလေးမြို့နယ်အနေဖြင့် မြစ်ရေကြီးခြင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ ပြင်းထန်စွာခံစားခဲ့ရပြီး မြစ်ရေအနိမ့်အမြင့်မှတ်တမ်းများကို တိတိကျကျရရှိနိုင်ရေးနှင့် ကလေးပြည်သူတို့အတွက် မြစ်ရေကြီးမှုအခြေအနေကို တိကျစွာထုတ်ပြန်ပေးနိုင်ရေးကို ရည်ရွယ် တပ်ဆင်ခြင်းဖြစ်ကြောင်းသိရသည်။
သန်းထိုက်အောင်(ပြန်/ဆက်)


