၂၈ ဖေဖော်ဝါရီ
ဗင်နီဇွဲလားသမ္မတ မာဒူရို က အမေရိကန် အခြေစိုက် Univision ရုပ်မြင်သံကြားရဲ့ သတင်းထောက်တွေကို သုံးနာရီနီးပါး ဖမ်းဆီးခဲ့ရာမှ ပြန်လည်လွှတ်ပေးလိုက်တဲ့အတွက် အမေရိကန်နိုင်ငံကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။ ဗီနီဇွဲလား သမ္မတ မာဒူဂိုက Univision ရုပ်မြင်သံကြားကို အင်တာဗျူးပေးခဲ့ပါရာ သတင်းထောက်က မာဒူရိုလက်ထက် အတွင်း ဆင်းရဲ မွဲတေမှုအကြောင်းကို မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းတွေအပေါ် မကြိုက်တဲ့အတွက် အင်တာဗျူးကို ဆက်မဖြေတော့ဘဲ၊ သတင်းထောက် ၆ ယောက်ကို ဖမ်းဆီးပြီး သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆီးခဲ့ကြောင်း လွတ်မြောက်လာတဲ့ သတင်းထောက် ဂျော်ဂျီ ရာမို့စ်က ပြောပါတယ်။
သတင်းထောက်ရာမို့စ်က အင်တာဗျူးအတွင်းမှာ သူရိုက်ထားတဲ့ ဗင်နီဇွဲလား ကလေးငယ်တွေ အမှိုက်ပုံထဲက စားကြွင်းစားကျန်များ ရှာဖွေစားသောက်နေတာကို သမ္မတ မာဒူရိုကိုပြပြီး မေးခွန်းမေးမြန်းရာ မာဒူရိုက အင်တာဗျူးကို ရပ်ဆိုင်းပြီး သူတို့အားလုံးကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
သူတို့ကို ၃ နာရီလောက်ဖမ်းဆီးထားရာကနေ ပြန်အလွှတ်မှာ သူတို့ပစ္စည်းတွေဖြစ်တဲ့ ကင်မရာ လေးလုံး၊ ဗီဒီယို ကတ်တွေနဲ့ လက်ကိုင်ဖုန်းကို ပြန်ပေးခဲ့ပေမယ့် သတင်းဓါတ်ပုံအချက်အလက်တွေ ပါမလာခဲ့ကြောင်း သိရပါတယ်။
အမေရိကန် အခြေစိုက် Univision ရုပ်မြင်သံကြားဟာ စပိန်ဘာသာဖြင့် ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား လုပ်ငန်းကြီး တစ်ခုဖြစ်ပါတယ်။
MDN
ကိုးကား - AFP


