နေပြည်တော် ၂၈ ဖေဖော်ဝါရီ

ရခိုင်ပြည်နယ် သံတွဲမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် လေးစီးအား ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက AA သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် သုံးစီးနှင့် Mark II ယာဉ်တစ်စီးတို့အား ရဲတပ်ဖွဲ့ဝင် လေးဦးက မောင်းနှင်၍ သံတွဲမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာနှင့် ပန်းနီလာကျေးရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းမိုင် တိုင်အမှတ် (၁၆၅) အနီးအရောက်တွင် ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က AA သောင်းကျန်းသူအဖွဲ့က ယာဉ်များကို မိုင်းဖောက်ခွဲသဖြင့် ယာဉ်များရပ်တန့်သွားစဉ် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးသွားခဲ့ကြောင်း သိရသည်။

အများပြည်သူအသုံးပြုနေသော စစ်တွေမြို့သို့ အဓိကဆက်သွယ်သည့် လမ်းမကြီးပေါ်တွင် လက်နက်ကိုင် တိုက်ခိုက်မှုအတွက် ရည်ရွယ်ချီတက် လှုပ်ရှားသွားလာမှုမဟုတ်သည့် ယာဉ်များနှင့် ပြည်သူများ ဒုက္ခရောက်စေရန် AA သောင်းကျန်းသူအဖွဲ့က အဖျက်လုပ်ငန်းများ ကျူးလွန်လျက်ရှိသည်ကို ထင်ရှားစွာ တွေ့ရှိသည့်အတွက် ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

(သတင်းစဉ်)

 

mdn