ပေကျင်း ဇွန် ၃

တရုတ်နိုင်ငံ၏ မောင်းသူမဲ့ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်သည် ဇွန် ၂ ရက်တွင် လကမ္ဘာ၏ အစွန်ဘက်သို့ ဆင်းသက်ခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာက ဖော်ပြသည်။ပြီးခဲ့သည့်လ အစောပိုင်းက လွှတ်တင်ခဲ့သည့် Chang'e-6 သည် ပေကျင်းစံတော်ချိန် နံနက် ၆ နာရီ တွင် အောင်မြင်စွာဆင်းသက်နိုင်ခဲ့ကြောင်း တရုတ် အစိုးရပိုင်မီဒီယာ China Central Television က သတင်းဖော်ပြသည်။

တရုတ်အာကာသ အာဏာပိုင်များသည် Chang'e-6 ဆင်းသက်စဉ် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဆင်းသက်သည့်နေရာသည် လ၏တောင်ဝင်ရိုးစွန်း အနီးဖြစ်သည်။ သောက်သုံးရေနှင့် လောင်စာအဖြစ်ပြောင်းလဲနိုင်သော လ၏အစွန်အဖျားတွင် ရေခဲများရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

Chang'e-6 သည်   ထပ်ဆင့်လွှင့်ဂြိုဟ်တုမှ တစ်ဆင့် ကမ္ဘာနှင့်ဆက်သွယ်မှုကို အဆက်မပြတ်စေ ရန် ထိန်းသိမ်းထားလျက်ရှိသည်။ Chang'e-6 ၏ စူးစမ်းလေ့လာမှုခရီးစဉ်သည် ဇွန် ၂ ရက်မှ ၃ ရက်အတွင်း လကမ္ဘာပေါ်ရှိ မြေဆီလွှာနှင့် ကျောက်နမူနာများကိုစုဆောင်းရန်  ရည်ရွယ်ထား ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဤနမူနာများသည် လ၏အစွန်အဖျားမှ ကမ္ဘာ သို့ ပထမဆုံးပြန်ယူလာမည့် နမူနာများဖြစ်သည်။ အဆိုပါမစ်ရှင်သည် အာကာသယာဉ်မှူးများ နေထိုင်နိုင်ရန် လကမ္ဘာအခြေစိုက်စခန်းတစ်ခုတည် ထောင်ရန်အတွက် ကနဦးအစပျိုးသည့် စွန့်ဦးတီထွင် လမ်းကြောင်းတစ်ခုဖြစ်သည်။ အမေရိကန်နှင့် အိန္ဒိယတို့သည် လ၏တောင် ဝင်ရိုးစွန်းအနီးရှိဧရိယာများကို ရှာဖွေလျက်ရှိသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်