ပူတာအို   ၂၈  ဖေဖော်ဝါရီ

 

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ကျင်းပမည့် ကလေးစာပေပွဲတော်(ပူတာအို) ပွဲတော်ဖြစ်မြောက်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်စန်းယုမော်က ပြပွဲပြခန်းများ လျာထားမှု အခြေအနေနှင့် မုခ်ဦးပြင်ဆင်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးရာ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ပြခန်းတွင် ပါဝင်ပြသကြမည့် ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် အခြေအနေများ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြခန်းများ၊ ပြိုင်ပွဲများကျင်းပမည့် ဖုန်ကန်ရာဇီခန်းမနှင့် ပူတာအိုမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းများအား ခရိုင်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ချန်းဖုန်ရမ်(ပြန်/ဆက်)