၁ မတ်


လူတင်နိုင်ရုံသာမက ကုန်ပစ္စည်းများ တင်ဆောင်နိုင်ခြင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူဦးကြီးများ အတွက်လည်း အသုံးဝင်သည့် MATADOR သုံးဘီး မော်တော်ဆိုင်ကယ် အမျိုးအစား လေးမျိုးအား မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က စတင်မိတ်ဆက်ခဲ့သည်။ 

 

1


၂၀ဝ စီစီ အအေးခံစနစ် အင်ဂျင်တပ်ဆင်ထားပြီး ခရီးသည် ၅ ယောက်ခန့် တင်ဆောင်နိုင်သည့် Matador Star၊ ကုန်ပစ္စည်း ၁၅ တန် တင်ဆောင်နိုင်သည့် Matador Super၊ ကုန်ပစ္စည်း ၃၅ တန် တင်ဆောင်နိုင်သည့် Matador Giant ၊ ရေနစ်မြုပ်ခြင်း ဒဏ်မှကာကွယ်ပေးနိုင် သည့် Hanging Muffler စနစ်တပ်ဆင်ထားသည့် Matador Blitz တို့ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။


အများဆုံး ၂ နှစ် အရစ်ကျ စနစ်များရှိပြီး ဈေးနှုန်းတွေမှာ Matador Star အမျိုးအစားက ၄၆ သိန်းကျပ်၊ Matador Super အမျိုးအစားက ၆၂၅၀ဝ၀ဝ ကျပ်၊ Matador Blitz အမျိုးအစားက ကျပ်သိန်း ၅၀၊ Matador Giant အမျိုးအစားက ၆၇ သိန်းကျပ် ဖြစ်ကြောင်း သိရသည်။ 


အိမို့မို့ခိုင်