မကွေး ၁ မတ်      


မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်တိုက်မှုကြောင့် သေဆုံး/ ဒဏ်ရာရမှုများ လျော့နည်းကျဆင်း စေရေးအတွက် စီမံချက် တစ်ရပ်အနေဖြင့် မြို့နယ်အသီးသီးတွင် မိတ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း သတ်မှတ်စည်းကမ်း ချက်များနှင့် ကိုက်ညီမှုမရှိသော မော်တော်ယာဉ်/မော်တော် ဆိုင်ကယ်များအား အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မကွေးခရိုင်ရှိ မြို့နယ်(၆)ခုတွင် ဦးထုပ်မဆောင်းမှု(၃၆)မှု၊ နောက်ကြည့်မှန် မတပ်ဆင်မှု(၉)မှု၊ ယာဉ်မောင်းလိုင်စင် မပါ(၅၃)မှု၊ ယာဉ်လိုင်စင် မပါမှု(၃)မှု၊ သုံးယောက် စီးနင်းခြင်း(၁)မှု၊ စုစုပေါင်း(၁၀၂)မှုကို လည်းကောင်း၊ မင်းဘူးခရိုင်ရှိ မြို့နယ်(၅)ခုတွင် ဦးထုပ်မဆောင်းမှု(၂၉)မှု၊ နောက်ကြည့်မှန်မတပ်မှု(၁)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၁၈)မှု၊ ယာဉ်လိုင် စင် မပါရှိခြင်း(၃)မှုနှင့် သုံးယောက်စီးနင်းခြင်း(၂)မှု၊ စုစုပေါင်း(၅၆)မှုကို လည်းကောင်း၊ သရက်ခရိုင်ရှိ မြို့နယ်(၆)ခုတွင် ဦးထုပ်မဆောင်းမှု(၂၆)မှုကိုလည်းကောင်း၊ ပခုက္ကူခရိုင်ရှိ မြို့နယ်(၅)ခုတွင် ဦးထုပ်မဆောင်း(၂၂)မှု၊ ထိုင်ခုံခါးပတ်မပတ်ခြင်း(၂)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၆၅)မှု၊ယာဉ်လိုင်စင် မပါမှု(၁)မှု၊ စုစုပေါင်း(၉၀)မှုနှင့် ဂန့်ဂေါခရိုင်ရှိ မြို့နယ်(၃)ခုတွင် ဦးထုပ်မဆောင်းမှု(၁၂)မှုတို့အား အရေးယူဆောင်ရွက်ခဲ့ရကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရှိရသည်။ 


သန်းနိုင်ဦး(ငဖဲ)