မြို့သစ် ၁ မတ်
မကွေးခရိုင်၊ မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပန်းချီ ဆရာများနှင့် ပူးပေါင်း၍ အခြေခံပညာမူလတန်း / အလယ်တန်းအဆင့် နွေရာသီ အခြေခံပန်းချီ သင်တန်းကို မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
အဆိုပါသင်တန်းတွင် မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့်ရှိကျောင်းသား / ကျောင်းသူများကို မတ်လ ၁၃ ရက်မှ စတင်၍ နံနက် ၉ နာရီမှ ၁၁ နာရီအထိ နှစ်ပတ်ကြာ သင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်လိုသူ သင်တန်းသားများ အနေဖြင့် မတ်လ ၁ ရက် နေ့မှစ၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)


