နေပြည်တော် ၁ မတ်
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဗဟိုဝန်ထမ်းတက္ကသိုလ် နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက သင်တန်းဆင်းအမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား (၂၉) ဦး၊ သင်တန်းသူ(၁၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၈ ပတ် ကြာမြင့်ခဲ့သည်။
(သတင်းစဉ်)


