နောင်ချို ၂ မတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့မဈေးပတ်လမ်းတစ်လျှောက် (၂၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းဆန်တော်နှင့် စာရေးတံမဲလောင်းလှူပွဲကို မတ် ၁  ရက်က ကျင်းပပြုလုပ်ခဲ့ရာ နောင်ချိုမြို့နယ်အတွင်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဘုန်းတော်ကြီးကျောင်း(၁၄၃) ကျောင်းမှ ပင့်သံဃာ/ သာမဏေ အပါး(၄၀ဝ)တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။ ၎င်းနောက် သံဃာတော်များအား စာရေးတံမဲများ လောင်းလှူခဲ့သည်။

 

ဆွမ်းဆန်တော်တော်လောင်းလှူပွဲ၌ စေတနာရှင်ပြည်သူများမှ လှူဒါန်းမှု ကျပ်သိန်း ၁၅၀၊ အလှူခံမဏ္ဍပ် အလှူခံရရှိငွေ ကျပ်သိန်း ၁၀ဝ၊ စာရေးတံမဲ ကျပ်သိန်း ၈၀ စုစုပေါင်း ကျပ်သိန်း ၃၃၀ကျော် လှူဒါန်းနိုင်ခဲ့ပါကြောင်း   မြို့နယ်၊ ပြန်/ဆက်မှ  သိရသည်။

 

MDN

 

2.01