မုံရွာ ၂ မတ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဌာနနှင့်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နွေရာသီကျောင်းပိတ်ရက်အတွင်း ကလေးများအချိန်ကို အကျိုးရှိရှိ အသုံချစေရန်နှင့် ကလေးငယ်များ၏ ဖန်တီးနိုင်မှု စွမ်းအားများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ (၁၀)ရက်ကြာ သင်ကြားပို့ချဖွင့်လှစ်ပေးခဲ့သော နွေရာသီ အခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်းနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်စိုးစိုးဝင်းတို့က သင်တန်းတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ကြားခဲ့ကြသော မုံရွာမြို့ အခြေခံပညာအဆင့် (မူ၊လယ်) ကျောင်းများမှ သင်တန်းသား၊သင်တန်းသူ (၆၇)ဦးရှိသည့်အနက်မှ သင်တန်းဆန်းစစ်ချက်အရ ထူးချွန်ဆုရရှိသူ (၆)ဦးအား အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်း၊ မုံရွာမြို့မှ တက်ရောက်လာကြသည့် စာရေးဆရာများနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရကျောင်းသားကျောင်းသူလေးများနှင့်အတူ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


