ငဖဲ  ၂   မတ် 

 

မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ပဒါန်းယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး တပ်ဖွဲ့စုနှင့် မြတ်စေတနာမွန်လူမှုကူညီရေး အသင်းတို့ ပူးပေါင်းပြီး ပဒါန်းလမ်းဆုံ(ပုသိမ်-မုံရွာကားလမ်း) တွင် ဆိုင်ကယ်စီးဦးထုပ်များကို အခမဲ့ဖြန့်ဝေခဲ့သည်။

 

 ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်၊ စခန်းမှူးဒုရဲမှူး ခွန်ဗီရှင်းရှိုစိန်နှင့် ပဒါန်းနယ်မြေရဲစခန်းမှူး ရဲအုပ်နေလင်းမြင့်တို့က ဆိုင်ကယ်မောင်းနှင်ရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရေး၊ ယာဉ်ကြံ့ခိုင်မှုရှိရေး၊ ဆိုင်ကယ်စီး ဦးထုပ်မေးသိုင်းကြိုးစနစ်တကျ တပ်ဆင်ပြီး မောင်းနှင်ရန်၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ ပြည့်စုံစွာထားရှိရန်နှင့် ဆိုင်ကယ်အိပ်ဇောများ ဖွင့်ပြီးမောင်းနှင်ခြင်းမပြုရန် အသိပညာပေး ဟောပြော၍ မြတ်စေတနာမွန် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးလှမျိုးနိုင်အား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပြီး ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ် အလုံး(၅၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)

 

age imag