ဂျကာတာ၊ ဩဂုတ် ၁၂
အင်ဒိုနီးရှားအစိုးရအဖွဲ့ အစည်းအဝေးကို အရှေ့ကာလီမန်တန်ပြည်နယ် မြို့တော်သစ် နျူဆန် တာရာတွင် ပထမဆုံးအကြိမ် ယနေ့ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
ယင်းအစည်းအဝေးကို သမ္မတ၏ရုံးဖြစ်သည့် ဂါရူဒါနန်းတော်တွင်ကျင်းပခဲ့ပြီး အစည်းအဝေးသို့ သမ္မတဂျိုကိုဝီဒိုဒို၊ ဒုသမ္မတ မာရုဖ်အမင်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လက်ရှိအစိုးရ၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအပါအဝင် အစိုးရသစ်သို့ နိုင်ငံတော်တာဝန်လွှဲပြောင်းရေး ကိစ္စရပ်များကို အလေးပေးဆွေးနွေးခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးနေ့ကို မြို့တော်သစ်နျူဆန်တာရာတွင် ဩဂုတ် ၁၇ ရက်၌ ကျင်းပမည်ဖြစ်သည်။
အင်ဒိုနီးရှားသမ္မတသစ်အဖြစ် တာဝန်ထမ်းဆောင်မည့် ပရာဘိုဝို ဆူဘီအန်တိုကလည်း မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


