သာယာဝတီ  ၃ မတ် 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာန အခြေခံငါးမွေးမြူရေးနှင့် သဘာဝနည်းဖြင့် ရွှေဝါငါးကြင်းသားဖောက်ခြင်း သင်တန်းဖွင့်ပွဲကို မတ် ၃ ရက် နံနက် ၉ နာရီက ခရိုင်ငါးလုပ်ငန်းဦးစီးဌာန တစ်ပိုင်တစ်နိုင် ငါးသားဖောက်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ခရိုင်ဦးစီးမှူးဦးစံမှိုင်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စခန်းတာဝန်ခံ ဒေါ်မိုးသီတာမှ အခြေခံငါးမွေးမြူရေးနှင့် သဘာဝနည်းဖြင့် ရွှေဝါငါးကြင်းသားဖောက်ခြင်းအား စာတွေ့လကေ်တွေ့ သင်ကြားပြသပေးသည်။

 

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ငါးမွေးရေးဝါသနာရှင် (၃၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှ မတ် ၃ ရက်မှ ၅ ရက်အထိ သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

သန့်ဇော်(ခရိုင် ပြန်/ဆက်)