ရေနံချောင်း ၃ မတ်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့အလယ်ရှိ ချောင်းတိမ်ချောင်းအတွင်းမှ စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအား စုပေါင်းရှင်းလင်းခြင်းကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ ရွှေပျိုးခင်းပရဟိတ ပညာဒါနကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ မြို့ခံပြည်သူများနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ ပူးပေါင်း၍ မတ် ၃ ရက် နံနက် ၇ နာရီက အမှိုက်သိမ်းယာဉ် ၃ စီးဖြင့် အဆိုပါချောင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းအမှိုက်ရှင်းလင်းရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


