ပုလော ၃ မတ်     

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသခံပြည်သူများ တွေဆုံပွဲကို မတ် ၂ ရက် နံနက် ၉ နာရီက ပလမြို့၊ အမှတ်(၁) ရပ်ကွက် (အ.ထ.က-ခွဲ) စာသင်ကျောင်းရှိ ပညာဒီပစာသင်ကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

1

 

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။    

 

2

 

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကျောင်းဆောင်အသစ် ဆောက်လုပ်ရေး၊ ပြုပြင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကျောင်းခြံစည်းရိုးကာရံခြင်း၊ ကျေးလက်ဒေသ ကျောက်ခင်းလမ်းလုပ်ငန်းနှင့် ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ၊ စာကြည့်တိုက် ဆောက်လုပ်ပေးရေး၊ မြောင်းတူးဖော်ရေး လုပ်ငန်းများ၊ ပလမြို့ရဲကင်းစခန်းအား အဆင့်တိုးမြှင့်ပေးရေးလုပ်ငန်းများ စသည့်ကိစ္စရပ်များကို တင်ပြကြရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပြုလုပ်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲ ၁၂ နာရီခွဲတွင် ပုလောမြို့၊ ထမင်းမစားကျေးရွာ (အ.လ.က-ခွဲ) စာသင်ကျောင်းသို့ ရောက်ရှိပြီး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ တောင်းဆိုသည့် ကိစ္စရပ်များအား ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မာနှင့် ဝန်ကြီးများက ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီစဉ်များကို ရှင်းလင်းပြောကြားကာ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ထူးဝေယံ(ပြန်/ဆက်)