တိုက်ကြီး ၃ မတ် 

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှ တိုက်ကြီးမြို့နယ်ဆေးရုံသို့ ECG နှစ်လုံးဓာတ်မှန်စက် လှူဒါန်းခြင်း အခမ်းအနားကို မတ် ၃ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဓာတ်မှန်စက် လှူဒါန်းရခြင်း အကြောင်းများကို ပြောကြားပြီး ECG နှစ်လုံးဓာတ်မှန်စက်နှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်ဆရာဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဦးသန်းမြင့်နှင့် တိုက်ကြီးမြို့နယ် လူထုကိုယ်စား မြို့မိမြို့ဖ ဦးလှတင်တို့က ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ထွန်းလှိုင်(မြိုင်)