ဒီးမော့ဆို ၃ မတ်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ကျေးရွာနေ ဒေသခံပြည်သူများအား မီးဘေးလုံခြုံရေးနှင့် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ငွေတောင်ကျေးရွာအုပ်စု ဒေါခလိုက်လင်းကျေးရွာ ခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်က ပွင့်လင်းရာသီအချိန်တွင် မီးလောင်မှု၊ တောမီးလောင်မှု၊ မီးလန့်မှုတို့ မဖြစ်ပွားစေရန်အတွက် မီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ဒေသခံပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ ငွေတောင်ကျေးရွာအုပ်စု၊ စံပြ(၆)မိုင် ကျေးရွာအုပ်စုနှင့် ဒေါကလော်ဒူကျေးရွာ အုပ်စုတို့အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကြီးဒဲရယ်


