ကံမ ၃ မတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ထန်းလေးပင်ကျေးရွာအုပ်စု၊ ဝန်လိုကိုင်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၃၉ ဒသမ ၇၁၆ သန်းဖြင့် ဟန်သီရိလွင်ကုမ္ပဏီမှ တာဝန်ယူ၍ လယ်ယာကုန်ထုတ်လမ်းအား ဖောက်လုပ်လျက်ရှိသည်။
အဆိုပါလမ်းမှာ လမ်းအရှည် တစ်မိုင်ဖြစ်ပြီး တောင်သူ ၂၄၅ ဦး၏ လယ်ယာ ၅၀၃ ဧကမှ ထွက်ကုန်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရန်အတွက် အထောက်အကူရရှိမည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


