ပုသိမ် ၃ မတ်
စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် Bi Zlaw Consult Myanmar Co . Ltd တို့ပူးပေါင်းပြုလုပ်သော အသေးစား အငယ်စား အလတ်စား လုပ်ငန်းရှင်းများအား ကုန်အမှတ်တံဆိပ် ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်များ အသိပညာပေးဟောပြောပွဲကို ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ် ၃ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် Bi Zaw Consult Myanmar Co . Ltd မှ အကြံပေး(CEO) ဦးတေဇညွန့်တင်မှ ကုန်းအမှတ်တံဆိပ် ဥပဒေပြဋ္ဌာန်းချက်တွင် ပါဝင်သော အမည်စတင်တည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ဥပဒေ၏ ရည်ရွယ်ချက်၊ မှတ်ပုံတင်ခွင့်မရှိသော အမှတ်တံဆိပ်၊ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်ရေးရရှိရန် မှတ်ပုံတင်လျှောက်ထာခြင်း၊ စစ်ဆေးခြင်း၊ ကန့်ကွက်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်သက်တမ်းနှင့် မှတ်ပုံတင်သက်တမ်းတိုးခြင်း၊ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ၊ အမှတ်တံဆိပ် အခွင့်အရေးများ လွှဲပြောင်းခြင်း၊ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ကို ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း၊ ဒေသဆိုင်ရာအညွန့်၊ ကုန်သွယ်မှုအမည်၊ အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်လျှောက်ထာခြင်း၊ အယူခံဝင်ခြင်း၊ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကောက်ခွန်ဦးစီးဌာနက အကာကွယ်ပေးခြင်း၊ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်ရေး ထိပါးချိုးဖောက်ခြင်းနှင့် စပ်လျဉ်း၍ မူပိုင်ခွင့်တရားရုံး၏ လုပ်ပိုင်ခွင့်များ စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များက မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား အငယ်စား အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ကုန်အမှတ်တံဆိပ်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်ပြီး သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်နှင့် လုပ်ငန်းရှင်များမှ ၎င်းတို့ကိုယ်ပိုင် ထုတ်လုပ်ရောင်းချသော ထုတ်ကုန်များအား မူပိုင်ခွင့်မှတ်ပုံတင်ခြင်းတို့ကို ဆောင်ရွက်နိုင်စေရန်အတွက် ဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်ဥပဒေပါ ပြဋ္ဌာန်းချက်တွင် အခန်း(၂၀)ကျော်နှင့် ဥပဒေပုဒ်မ (၁၀ဝ)ကျော် ပါရှိကြောင်း သိရသည်။
မင်းထွန်းဇော်


