တန့်ယန်း  ၃ မတ်  
    

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရောက်ရှိနေသော ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး လိုက်ပါလျက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာများနှင့် အတူ မတ် ၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ခန်းမတွင် ကျင်းပသည့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။

    

 

အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ဒေသဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံတိုင်းရင်းသားပြည်သူ (၁၁)ဦးက ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြကြသည်။

    

 

ယင်းနောက် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကျောင်းသုံးဗလာစာအုပ်များနှင့် အားကစား ပစ္စည်းများကိုလည်းကောင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက နမ့်ဟူးလွယ်ကာအုပ်စု လုံယန်းကျေးရွာရှိ မီးဘေးသင့် ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေသုံးသိန်းအားလည်းကောင်း ပေးအပ်ထောက်ပံ့ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။     
                                                                        

 

မင်းလွင်ဦး(ပြန်/ဆက်)

 

ad