မော်လမြိုင်ကျွန် ၄ မတ်
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မတ် ၃ ရက်က တိပိဋက ပါဠိပါရဂူ၊ ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ သီလက္ခန္ဒာဘိဝံသ ဆရာတော်က မော်မြိုင်ကျွန်းမြို့နယ်အတွင်း ၂၄ စင်းမြောက် တံတားအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားသည် အောက်မအူတုံး ကျေးရွာအုပ်စုနှင့် စခန်းကြီးကျေးရွာအုပ်စုကြား ပတီးရိုးကျေးရွာအနီးတွင် ဆောက်လုပ်ထားပြီး တံတားအရှည် ၃၇၅ ပေ၊ အကျယ် ၁၁ ပေ၊ အမြင့် ၈ ပေရှိ ကွန်ကရစ်တံတားဖြစ်ပြီး ငွေကျပ် ၈၆ဝ သိန်း အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။
အောင်အောင် (ပြန်/ဆက်)


