သုံးခွ ၄ မတ်

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် လက်ပန်နန်းခလဲ ကျေးရွာအုပ်စုအတွင်း မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များကို ပြည်သူများ သိရှိလိုက်နာနိုင်ရန် မတ် ၃ ရက် ည ၈ နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

 

03

 

မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များက ကျေးရွာတွင်းသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့် မီးကိုစနစ်တကျသုံးစွဲရေး၊ မီးကြွင်းမီးကျန်များ ငြှိမ်းသတ်ထားရှိရန်၊ မီးချိတ်မီးကတ်များ၊ သဲပုံး ရေပုံး မီးသတ်ဆေးဘူးများ ထားရှိရန်၊ ခံနိုင်ဝန်ထက် ပိုမိုဓာတ်အားသုံးစွဲခြင်း မပြုရန်၊ ချို့ယွင်းနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုရန်၊ တရားမဝင်လောင်စာဆီများ ရောင်းချခြင်း မပြုလုပ်ရန်နှင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက သုံးခွမြို့နယ် မီးသတ်စန်း ဝ၅၆၄၀ဝ၂၈၊ အရေးပေါ်ဖုန်း ၁၉၁ သို့ ဆက်သွယ်အကြောင်းကြားရန် စသည်ဖြင့် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ကိုကျော်(သုံးခွ)