အိမ်မဲ ၄ မတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မီးသတ်ဦးစီးဌာန ရုံးခန်းမ၌ အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲကို မတ် ၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက "မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ တာဝန်ကြီးလေးရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတဲ့ လုပ်ငန်းစဉ် ခံယူချက် ရည်မှန်းချက်တွေနဲ့ ပြည်သူလူထုက အားကိုးလိုတဲ့ မီးသတ်တပ်ဖွဲ့ဝင်ကောင်းတွေ ဖြစ်အောင်ကြိုးစားကြရမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းတွင် ဆုရရှိကြသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)


